Sunday, May 24, 2009

အဖေသို့. . .

အဖေ . . .
နေဖြစ်ခဲ့တဲ့ လူ့ဘဝမှာ
အညတြသစ်ရွက်လေးလို ကြွေခဲ့ပေမယ့်
လူကဲ့ရဲ့စရာ ဘာမှလုပ်မသွားခဲ့ဘူး။ ။

အဖေ . . .
နေဖြစ်ခဲ့တဲ့ ၅၃ နှစ်မှာ
လူ့အသိုင်းအဝိုင်းကြား
အရက်သမားမဖြစ်ခဲ့
“ဖဲ” နဲ့ “မိန်းမ”
ဘာဆိုဘာမှ ကိုယ်ကျင့်တရား
မမှားယွင်းခဲ့။ ။

အဖေ . . .
နေဖြစ်ခဲ့တဲ့ ဘဝတာတိုတိုမှာ
အရသာချိုချို မရှာခဲ့ပဲ
အမှားနည်းစွာ
ရှင်သန်နေထိုင်ရင်း
ဖြူစင်တဲ့ထမင်းကိုစား
ကွမ်းယာကိုဝါး ရင်း
ဘဝကို ရောင့်ရဲ
လူထဲက လူတစ်ယောက်လိုဘဲ
တာဝန်ကျေခဲ့။ ။

အဖေ . . .
ဒေါသကြီးတတ် စိတ်တိုတတ်ပေမယ့်
မဟုတ်တာမလုပ်တတ်တဲ့
အဖေ့ရဲ့ သိက္ခာမွှေးပျံ့ဆဲ
အခုထိ ရနံ့မပြယ်သေးဘူး အဖေ။ ။

အဖေ . . .
နေဖြစ်ခဲ့တဲ့ လူ့ဘဝမှာ
အညတြ သစ်ရွက်လေးလို
ကြွေခဲ့ပေမယ့်
မြေဆီရဲ့ သြဇာအဖြစ်
ကျွန်တော့်ရဲ့ စံယူစရာ
ဖခင်ကောင်းအဖြစ်
ကျန်ရစ်ဆဲပါ အဖေ။ ။

Print this post

2 comments:

သမီးပျို said...

သူငယ်ချင်းရေ......အိမ်လာလည်တဲ့အတွက် ကျေးဇူးနော် ခုမှစရေးတာထင် တယ် ကဗျာလေးဖတ်သွားတယ် သိလား ဆက်ရေးနော် အားပေးနေမယ်သိ လား နောက်လည်းလာလည်နော်

မငုံ said...

ကဗျာလေး သိပ်ကောင်းတယ်။ အဖေ့ရဲ့ တာဝန်ကျေမှု့တွေကို ဖွဲ့ထားတာ ပေါ်လွင် ထင်ရှားနေတယ်။